ရမည်းသင်းကျောင်း

Listing Description

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ မဟာဇေယျဘုံရပ်ကွက်၊ ၆၂ လမ်း၊ ၂၃ လမ်းနှင့် ၂၄ လမ်းကြား၊ မဟာဝိသုဒ္ဓါရာမကျောင်းတိုက်အတွင်း တည်ရှိသည်။ မင်းတုန်းမင်းကြီး၏ မိဖုရားတစ်ပါးဖြစ်သော ရမည်းသင်းမိဖုရား၏ အမရပူရရှိ နန်းဆောင်အဟောင်းကို ဘုန်းကြီးကျောင်းအဖြစ် ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ သံကိုအသုံးမပြုဘဲ သစ်သားတစ်မျိုးတည်းသာ အသုံးပြု၍ ဆောက်လုပ်ထားသည်။ ကျောင်းဆောင်ကြီးမှာ ဒေါင်းပုံစံတံဆိပ်ကြီးနှင့် ပြဿဒ်ဘုံအဆင့်ဆင့်ဖြင့် ခမ်းနားတင့်တယ်လှပြီး မှန်စီရွှေချ အနုစိတ်လက်ရာများကို လေ့လာနိုင်သည်။ မဟာဝိသုဒ္ဓါရာမကျောင်းတိုက်ဝင်းအတွင်း၌ ရမည်းသင်းကျောင်းကဲ့သို့ ရှေးဟောင်းဘုန်းကြီးကျောင်းဆောင်များဖြစ်သည့် မိုးကောင်းမိဖုရားလှူဒါန်းခဲ့သော မိုးကောင်းကျောင်း နှင့် မြန်မာသက္ကရာဇ် ၁၂၃၇ ခုနှစ် ဝန်းကျင်တွင် ရန္တပိုရွာစားက တည်ဆောက်လှူဒါန်းခဲ့ပြီး သက္ကရာဇ် ၁၂၇၃ ခုနှစ်တွင် မင်းတုန်းမင်း၏ မိဖုရား ကြေးမြင်တိုက်စား သုသီရိပဘာမဟေသီက ပြန်လည်ပြုပြင် တည်ဆောက်လှူဒါန်းခဲ့သော ကြေးမြင်ကျောင်းတို့ကိုလည်း လေ့လာတွေ့မြင်နိုင်သည်။