ရှင်အရဟံအုတ်ကျောင်း

Listing Description

ရှင်အရဟံအုတ်ကျောင်းသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ရှိ ငှက်ပစ်တောင်၏ အနောက်ဘက်တွင် တည်ရှိပါသည်။ အနော်ရထာမင်းကြီးက ရှင်အရဟံမထေရ် သီတင်းသုံးစံပယ်တော်မူနိုင်ရန် ဌက်ပစ်တောင်ဘုရားအနီးတွင် ဇေတဝန်ကျောင်းတော်ခေါ် ရှင်အရဟံအုတ်ကျောင်းကို ဆောက်လုပ်လှူဒါန်းခဲ့သည်ဟု သိရပါသည်။ ရှင်အရဟံအုတ်ကျောင်းတွင် အခြားသော ပုဂံခေတ်အုတ်ကျောင်းများကဲ့သို့ အရှေ့ဘက်တွင် သစ်သားဆောင်နှင့် အနောက်ဘက်တွင် အုတ်တိုက်နှင့်တွဲလျက် တည်ဆောက်ထားရှိပါသည်။ အတွင်းအုတ်တိုက်ထဲတွင် ရှင်အရဟံမထေရ်၏ ပုံတူရုပ်ထုတစ်ခုရှိပါသည်။