ဇေတဝန်ကျောင်း (စကုတိုက်)

Listing Description

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၉၀၊ စကုကျောင်းတိုက်အတွင်း တည်ရှိသည်။ ၁၉၁၈ ခုနှစ်ဝန်းကျင်တွင် တည်ဆောက်ခဲ့သော သစ်သားကျောင်းဆောင်ဖြစ်သည်။ သရက်ကင်း အုတ်လှေကားကြီး နှစ်စင်းပါရှိပြီး အမိုးလေးဘက်ချ လည်ပေါ်ဇေတဝန်ဆောင်နှစ်ဆောင်ကို ပေါင်းစပ်ထားကာ လက်ယာဘက်တွင် ဆောင်းတန်းရှည်တစ်ခုဖြင့် ပူးတွဲတွယ်ဆက်ထားသည်။ ဘုရားခန်း၊ ဆောင်မကြီး၊ ဘောဂဆောင်တို့ဖြင့် အရှေ့အနောက် အစဥ်လိုက်ဖွဲ့စည်းတည်ဆောက်ထားသည်။