ရေပျံတောင်ရေတံခွန်

Listing Description

ရေပျံတောင်ရေတံခွန်သည် ပြင်ဦးလွင်မြို့၏ အရှေ့မြောက်ဘက်တွင် တည်ရှိနေပြီး အမျိုးသားကန်တော်ကြီး ဥယျာဉ်နှင့် ငါးမိုင်ခန့်ကွာဝေးကာ အနီးပတ်ဝန်းကျင် ကျေးရွာများဖြစ်သော ရွှေသင်း၊ ရွှေမြင်းသာ၊ ဆင်းခေါင်းလေး၊ ညောင်နီ၊ ပိန္နဲကုန်း (မြောက်) စသည့်ကျေးရွာတို့မှ တစ်ဆင့် သွားရောက်နိုင်ပါသည်။ ပြင်ဦးလွင်မြို့၌ နာမည်ကျော်ကြား ထင်ရှားသော ရေတံခွန်များစွာရှိသည့် အနက် ရေပျံတောင်ရေတံခွန်သည် တစ်ခုအပါအဝင်ဖြစ်ပြီး တောတောင်အထပ်ထပ်ကို အဆင့်ဆင့်ဖြတ်ကျော် စီးဆင်းလာကာ အလွန်လှပသော သဘာဝရေတံခွန်ကြီး ဖြစ်ပါသည်။ ရေပျံတောင်ရေတံခွန်ကြီးသည် အဆင့် ၇ ဆင့်ဖြင့် ဖြာကျစီးဆင်းလျက်ရှိပြီး ရေတံခွန် တစ်ဆင့်နှင့် တစ်ဆင့် ပေ ၃၀၀ ကျော်မှ ပေ ၁၀၀၀ ကျော်ကွာဝေးကြပြီး ရေတံခွန်၏ အရှည်သည် တစ်မိုင်ကျော်ရှည်လျားကြောင်းသိရပါသည်။ ရေပျံတောင်ရေတံခွန်ကြီး၏ တတိယအဆင့်ရေတံခွန်နှင့် သတ္တမအဆင့် ရေတံခွန်တို့မှာ အခြားသောအဆင့်တို့ထက် ပိုမိုလှပလျက်ရှိနေပြီး လာရောက်လည်ပတ်သူတို့မှာ ခရီးလမ်းကြမ်းတမ်းခြင်း၊ အတက်အဆင်းမတ်စောက်ခြင်း၊ တောနက်၍ တစ်ခါတစ်ရံ လူသူပြတ်တောက်ခြင်းတို့ကြောင့် တတိယအဆင့် ရေတံခွန်အထိသာ ကြည့်ရှုလည်ပတ်ကြကာ သတ္တမအဆင့် ရေတံခွန်သို့ အရောက်နည်းကြကြောင်း သိရပါသည်။