ထီသိမ်ကန် (ရုရှားကန်)

Listing Description

ရုရှားကန်ဟု လူသိများသည့် ထီသိမ်ကန်သည် ရှမ်းပြည်နယ် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်အတွင်း၌ တည်ရှိပြီး တောင်ကြီးမြို့နေလူအများ သောက်ရေ သုံးရေအတွက် အဖိုးမဖြတ်နိုင်သော ရေထွက်ရေကန်ဖြစ်ပါသည်။ တောင်ကြီးမြို့တွင် ထီသိမ်ကန်အပါအဝင် ရေပေးဝေရေးကန် ၇ ခုဖြင့် သောက်သုံးရေ ဖြန့်ဖြူးပေးလျက်ရှိပါသည်။ ထီသိမ်ကန် (ရုရှားကန်)ကို တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ တည်ဆောက်စဉ် ရုရှားအင်ဂျင်နီယာများက ဆေးရုံအလုပ်သမားများ သောက်ရေသုံးရေ အဆင်ပြေစေရန် တူးဖော်ဆောက်လုပ်ခဲ့ရာမှ နောက်ပိုင်းတွင် ဆေးရုံအတွက်သာမက တောင်ကြီးတစ်မြို့လုံးသို့ ရေပေးဝေနိုင်ခဲ့သည်အထိ အသုံးဝင်ခဲ့သည်ဟု သိရပါသည်။ ကန်အမြင့် ၃၂ ပေရှိကာ ရေဂါလံ ၁၆၁ သန်း သိုလှောင်နိုင်ပါသည်။