ထားဝယ်မြို့နယ်၌ ပြည်သူများ ဆန္ဒမဲပေး

Listing Description

ထားဝယ် နိုဝင်ဘာ ၉

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ယမန်နေ့က ကျင်းပခဲ့ရာ ပြည်သူများက အေးချမ်းစွာ ဆန္ဒမဲများ ပေးခဲ့ကြသည်။

ထားဝယ်မြို့နယ်အတွင်းမှ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒမဲ ပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်ကမ်းချက်များနှင့်အညီလိုက်နာ၍ တစ်ဦးနှင့်တစ်ဦး ခြောက်ပေကွာဖြင့် တန်းစီစောင့်ဆိုင်းစေပြီး နှာခေါင်းစည်းများဖြန့်ဝေပေးခြင်း၊ မဲရုံအဝင်တွင် လည်း အပူချိန်တိုင်းခြင်း၊ လက်သန့်ဆေးရည်များဖြင့် လက်ဆေးစေခြင်းများ ဆောင်ရွက်ပေးကြောင်း သိရသည်။

ထားဝယ်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ၄၃ အုပ်စု၌မဲရုံပေါင်း ၁၀၄ ရုံ ဖွင့်လှစ်ထားရှိရာ တာဝန်ထမ်းဆောင်သည့် မဲရုံဝန်ထမ်း ၁၇၇၂ ဦး၊ မဲဆန္ဒရှင်ဦးရေ ၁၃၄၇၂၀ ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)