ဆေးတက္ကသိုလ် (တောင်ကြီး)

Listing Description

ဆေးတက္ကသိုလ်(တောင်ကြီး) သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ နောင်လေကျေးရွာတွင် တည်ရှိသည်။ မြန်မာနိုင်ငံ၏ ပဉ္စမမြောက် ဆေးတက္ကသိုလ်ဖြစ်ပြီး ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း(၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ) စတင် ဆောက်လုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့တွင်  ဖွင့်လှစ်ခဲ့ပါသည်။ အကျယ်အဝန်း မြေဧရိယာ ၄၆ ဧကပေါ်တွင် တည်ဆောက်ထားသည့် သုံးထပ်အဆောက်အအုံ ဖြစ်ပါသည်။ သုံးထပ် ပင်မဆောင်၊ သုံးထပ်သင်ကြားရေးဆောင်၊ လူ (၂၅၀) ဆံ့ စာသင်ဆောင်၊ အမှုထမ်းအိမ်ရာ၊ အရာထမ်းအိမ်ရာ ၄ ခန်းတွဲ လေးထပ်ဆောင်၊ ပါမောက္ခချုပ်နေအိမ်၊ အရာထမ်းဆောင်၊ Lecture Theatre၊ စားသောက်ဆိုင်၊ ကျောင်းသူ အိပ်ဆောင်၊ ဧည့်ရိပ်သာ ၄ ခန်းတွဲ သုံးထပ်ဆောင်၊ ကျောင်းသား အိပ်ဆောင်၊ ဒုတိယ ပါမောက္ခချုပ် နေအိမ်၂ထပ်၊ စာကြည့်တိုက်၊ E-Language Lab ၊ E-Library တို့ ပါဝင်ပါသည်။