ပုဂံပိဋကတ်တိုက်

Listing Description

ပုဂံပိဋကတ်တိုက်သည် မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့ဟောင်းရှိ သရပါတံခါး၏အနောက်ဘက်၌ တည်ရှိပါသည်။ အနော်ရထာမင်းလက်ထက်တွင် သုဝဏ္ဏဘူမိသထုံပြည်မှ ပင့်ဆောင်လာသော ပိဋကတ်တော်များထားရှိရာနေရာ ဖြစ်သည်ဟု အစဉ်အလာအားဖြင့် ဆိုကြပါသည်။ ပိဋကတ်တိုက်သည် အကျယ်အဝန်း ၅၀ စတုရန်းပေ၊ အမြင့်ပေ ၆၀ ခန့်ရှိပြီး လှပတင့်တယ်သည့် လက်ရာမြောက်လှသော အဆောက်အအုံဖြစ်ပါသည်။ အမြင့် ငါးပေမြင့်သော ပြာသာဒ်ငါးဆင့်ပါ အလင်းပေါက် သုံးပေါက်စီ သုံးဖက်သုံးတန် ကာရံထားသော အုတ်ရိုး အင်္ဂတေ အမိုး အုတ်တိုက် ဖြစ်သည်။ အရှေ့ဘက်မျက်နှာတွင် မုခ်သုံးခုရှိ၍ ကျန်သုံးဖက်တွင် ပြတင်းပေါက် သုံးပေါက်စီ ရှိသည်။ ထောင့်နံရံများရှိ ပြတင်းပေါက်များတွင် ခြင်္သေလည်ပြန်ပုံ ဖော်ထားလေသည်။ ပိဋကတ်တိုက် အပေါ်ပိုင်းတွင်ကား အမိုးခုံးလျှောနှင့် ဘုံးငါးဆင့်ရှိ၍ ထုပိကာ တက်ထားပါသည်။ အမိုးစွန်းချင် မြိတ်တိုးများတွင် ထောင့်တုရင်ပန်းများဖြင့် တန်ဆာဆင်ထားသည်။ ရှေ့မျက်နှာစာမှ အထက်လှေခါးနှင့် အဆောက်အအုံ အမိုးထောင့်ရှိ ဒေါင်းရင်းအားလုံးမှာ ကုန်းဘောင်ခေတ်တွင် ပြင်ဆင်ခဲ့သည့် လက်ရာများဖြစ်ပြီး ပုဂံခေတ်လက်ရာဟူ၍ ဇာပေါက်ပြတင်း၊ အမိုးခုံးလျှော၊ အတွင်းခန်းပေါင်းကူးတို့သာ ကျန်ရှိပါသည်။