ပုဂံနန်းတော်သစ်

Listing Description

ပုဂံနန်းတော်သစ်သည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံဒေသ၊ ပျဉ်ပြားမင်း၊ အနော်ရထာမင်း၊ ကျန်စစ်သားမင်းတို့၏ ပုဂံနန်းတော်ရာဟောင်းတည်ရာ မြောက်ဘက် ပုဂံမြို့ဟောင်းတွင် အရှေ့အနောက်သွားကာ လမ်းမြောက်ဘက်ကပ်လျက် တည်ရှိပါသည်။ ပုဂံနန်းတော်သစ်ကြီးသည် စုစုပေါင်းဧရိယာ ၇၈၅၀၆ ပေကျယ်ဝန်းပြီး အဓိကအဆောင်ကြီး ရှစ်ခုပါဝင်ဖွဲ့စည်းထားပါသည်။ ပဥ္စသာဒဆောင်၊ ဇေတဝန်ဆောင်၊ ဓနုဆောင်၊ သီဟသနဆောင်၊ အရှေ့စမုခ်ဆောင်၊ မြောက်စမုခ်ဆောင်၊ တောင်စမုခ်ဆောင်နှင့် ဘိသိက်ဆောင်တို့ဖြစ်သည်။