ပဲခူး-စစ်တောင်းတူးမြောင်း

Listing Description

စစ်တောင်းမြစ်ကွေ့ပေါ်ရှိ မြစ်ကျိုးရွာမှနေ၍ ဝေါ၊ မင်းရွာနှင့် သနပ္ပင်မြို့များကို ဖြတ်သန်းကာ ပဲခူးမြို့တောင်ဘက် ပဲခူးမြစ်ပေါ်ရှိ တာဝရွာနှင့် လာရောက် ဆက်သွယ်ထားခြင်း ဖြစ်သည်။ အင်္ဂလိပ်တို့ မြန်မာပြည်တွင် ပထမဆုံး ဖောက်လုပ်ခဲ့သော တူးမြောင်းဖြစ်သည်။ ပဲခူးမြစ်နှင့် စစ်တောင်းမြစ်ကို ဆက်သွယ်မိစေရန် ဆာအက်ရှ လေအီဒင် (Sir Ashly Eden) အမိန့်အရ ပဲခူး-စစ်တောင်းတူးမြောင်းကို ခရစ်သက္ကရာဇ် ၁၈၇၃-၇၄ ခုနှစ်တွင် စတင်ဖောက်လုပ်ခဲ့ပြီး ၁၈၇၈-၈၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ တူးမြောင်း၏ အလျားသည် ၃၈ မိုင်ရှည်၍ ထိပ်နှစ်ဖက်တွင် အရှည် ၂၄၀ ပေနှင့် အကျယ် ပေ ၃၀ စီ ရှိသော ရေတံခါး တစ်ခုစီ တပ်ဆင်ထားသည်။ ကုန်ကျငွေ စုစုပေါင်းမှာ ၁၉၀၃-၄ ခုနှစ်အထိ ကျပ် ၄၄ သိန်း ဖြစ်သည်။ စစ်တောင်းမြစ်အတွင်းမှ မျောချလာသော သစ်များကို ဤတူးမြောင်းမှ တစ်ဆင့် ပဲခူးမြစ်အတိုင်း ရန်ကုန်မြို့သို့ ရောက်သည်အထိ ဖောင်ဖွဲ့ယူဆောင်နိုင်သည်။ တူးမြောင်းသည် ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးနှင့် ပဲခူး သန်လျင်လမ်းမကြီးတို့ဘေးမှ ဖြတ်သန်းသွားသည်။