ညောင်ပင်ကြီးစုရှေးဟောင်းဘုရားများ

Listing Description

ညောင်ပင်ကြီးစုရှေးဟောင်းဘုရားစေတီများသည် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာတွင် တည်ရှိသည်။ ပျဉ်းမနား-တောင်ညိုလမ်းမကြီးနှင့် ရာဇဌာနီလမ်းမကြီးနှင့်ဆက်သွယ်ထားသော တော်ဝင်ရတနာလမ်းမှတစ်ဆင့် သွားရောက်နိုင်သည်။ လွန်ခဲ့သောနှစ်ပေါင်း ၁၆၀ ခန့်၊ ဘိုးတော်ဗဒုံမင်းလက်ထက် မြန်မာသက္ကရာဇ်  ၁၂၂၀  ပြည့်နှစ်တွင် တည်ထားကိုးကွယ်ခဲ့သည်ဟု သိရှိရပြီး ဒေသခံများမှ နေပြည်တော်ပုဂံဘုရားများဟု တင်စားခေါ်ဝေါ်ကြသည်။ ပုဂံတွင် တည်ရှိသော စေတီများနှင့်ပုံစံတူသည့် ယင်းဘုရားစေတီများအနီးတွင် သက်တမ်းရင့် ထန်းပင်ကြီးများ ရှိပြီး၊ စေတီများကို အစု ၃ စုဖြင့်တွေ့မြင်နိုင်ကာ စေတီတော်စုစုပေါင်း ၄၂ ဆူ နှင့် ခုနှစ်ပေပတ်လည်အကျယ်ရှိ အမိုးမိုးထားသော ရှေးဟောင်းရေတွင်းတစ်တွင်းလည်း တည်ရှိပါသည်။ ဘုရားစေတီများအနီးရှိ ဘုန်းတော်ကြီးကျောင်းတွင်လည်း ရွှေသားအစစ်ဖြင့် ပြုလုပ်ထားသော ရှေးဟောင်းရွှေခုတင်ကြီးကိုလည်း ဝင်ရောက်လေ့လာနိုင်ပါသည်။