နန်းမြိုင်ဟိုတယ်

Listing Description

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၅)၊ အကွက်အမှတ် RAV၊ ကွက်ပြင်၊ ဦးပိုင်အမှတ် ၄ တွင် တည်ရှိသည်။ မြန်မာနိုင်ငံကို ၁၉၁၈ ခုနှစ်မှ ၁၉၂၂ ခုနှစ်ထိအုပ်ချုပ်ခဲ့သော ဒုတိယဘုရင်ခံ Sir Reginald.H.Craddock လက်ထက်တွင် အစိုးရဧည့်သည်တော်များ တည်းခိုရန်ဆောက်လုပ်ခဲ့သည်။ နှစ် ၁၀၀ ကျော် သက်တမ်းရှိ ရှေးဟောင်း အဆောက်အအုံဖြစ်ပြီး မြေဧက ၁၅ ဒသမ ၂၂ ဧက ကျယ်ဝန်းသည်။ ၁၉၈၂ မှစတင်၍ ဟိုတယ်အဖြစ် ဖွင့်လှစ်ခဲ့သည်။ ဟိုတယ်တွင် အခန်း ၃၂ ခန်းရှိပြီး ၂၀၁၈ ခုနှစ်အထိ Orchid Nan Myaing ဟိုတယ်အနေဖြင့် ဖွင့်လှစ်ခဲ့သည်။