မြင်းမထိဂူ

Listing Description

မြင်းမထိဂူသည်  ကလောမြို့နယ် ကလောနှင့် အောင်ပန်းအကြား ကလောမြို့မှ လေးမိုင်အကွာ မြင်းမထိရွာ အရှေ့တောင်ဘက်တွင် ကပ်လျက်တည်ရှိပါသည်။ မြင်းမထိဂူသည် နှစ်ဖက်ပွင့်ဂူဖြစ်ပြီး လှိုဏ်ဂူအတွင်းလမ်းမှာ ၁,၀၈၂ ပေရှည်လျားပါသည်။ ဂူအတွင်းဘက်တွင် ဉာဏ်တော် ၉ ပေ အမြင့်ရှိသည့် သီရိဓမ္မာသောကမင်းကြီးတည်ခဲ့သော ဥဏ္ဏလုံမွေတော် ဘုရားတည်ရှိပါသည်။ သီရိဓမ္မာ သောကမင်းကြီး နောက် ပုဂံပြည့်ရှင် အနော်ရထာ နှင့် ပုဂံမင်းဆက် အလောင်းစည်သူ မင်းကြီးတို့က ၎င်းတို့ လက်ထက်တွင် ပြန်လည် မွမ်းမံ၍ ထီးတော် များကို ဆက်ကပ် လှူဒါန်း ခဲ့သဖြင့် ထီးတော် သုံးဆင့် ဘုရားဟုလည်း ထင်ရှားပါသည်။ မြင်းမထိဂူနှင့် မျက်နှာချင်းဆိုင်တွင် ၁,၀၇၅ ပေ အမြင့်ရှိသော ရာဇဝင်လာ ကျန်စစ်သားမင်းကြီး၏ မြင်းမထိတောင် ရှိပါသည်။ ဂူအတွင်းရှိ ဓာတ်တော်ရှင် လာဘမုနိ ဘုရား၊ နတ်သမီး ကျောက်ပျဉ်၊ နတ်သားရေတွင်း၊ နတ်သမီး ရေစင်၊ ကျောက်ဗောဓိ၊ကျောက်ဆင်၊ ဂူအောင်းရသေ့ပလ္လင်၊ ရွှေဟင်္သာ၊ ဆင်ချည်တိုင်၊ ကျောက်ခရုသင်း၊ ကျောက်ကလပ်၊ အောင်မြေ၊ နဂါးရုံဘုရား၊ ရသေ့ဖိုလ်ဝင်ဂူ နှင့် ကျောက်ဖား အစရှိသည် တို့နှင့် အေဒီ ၁ ရာစု မှ သမိုင်းဝင် ရုပ်ပွားတော် များက ခရီးသွား များကို ဆွဲဆောင်လျက် ရှိပါသည်။