ကျွန်းဖီလာ

Listing Description

ကျွန်းဖီလာသည် ကော့သောင်းခရိုင်အတွင်းရှိ ဆလုံတိုင်းရင်းသားများ နေထိုင်သော ဂျအုံးကျေးရွာတည်ရှိသည့် ကျွန်းတစ်ကျွန်းဖြစ်ပါသည်။ ပီလာကျွန်းဟုလည်းခေါ်သော ကျွန်းဖီလာတွင် ကျယ်ပြန့်ရှည်လျားသော ဖြူဖြူဖွေးဖွေး သဲသောင်ပြင်များရှိပြီး လာရောက်လည်ပတ်သူများသည် သောင်ပြင်တွင်စုဝေးနေသော မျောက် များအားရံဖန်ရံခါတွင် တွေ့မြင်နိုင်ပါသည်။ ကျွန်း၏နေရာအများစုသည် ခရီးသွားများနှင့် မထိတွေ့ရသေး သောနေရာများဖြစ်၍ အလွန်လှပသန့်ရှင်းပါသည်။ ကျွန်းဖီလာတွင် ရွက်လှေစီးခြင်း၊ လှေလှော်ခြင်းတို့ကိုပြုလုပ်နိုင်ပြီး အရောင်စုံသော သန္တာကျောက်တန်းများသည်လည်း ခရီးသွားများအား ကျွန်းဖီလာသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်နေသကဲ့သို့ရှိပါသည်။