ကြင်းတော်ယန်ဗုဒ္ဓဘာသာဘုရားကျောင်း

Listing Description

 

ကြင်းတော်ယန် ဗုဒ္ဓဘာသာဘုရားကျောင်းတော်ကြီးသည် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ဧရာဝတီမြစ်ဘေး ကမ်းနားလမ်းပေါ်တွင်တည်ရှိသည့် မဟာယာနဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်ပါသည်။ ၎င်းကျောင်းတော်ကြီးကို ၂၀၀၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ခန့်မှန်းကုန်ကျစရိတ် မြန်မာကျပ်ငွေ ၄.၅ ဘီလီယံခန့် ကုန်ကျခဲ့ပြီး ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် တရားဝင်ဖွင့်လှစ်းခဲ့ပါသည်။ ဗုဒ္ဓတရားတော်မြတ်ကို လူသားများကောင်းကျိုးကောင်းရာ အဖြဖြာကိုခံစားရပြီး ဗုဒ္ဓဘာသာယဉ်ကျေးမှု အမွေအနှစ်များတိုးတက် ပြန့်ပွားလာစေရန် ရည်ရွယ်၍ တည်ထောင်ဖွင့်လှစ်ထားပါသည်။ ကြင်းတော်ယန် ဗုဒ္ဓဘာသာပရဟိတအသင်းမှ ကုသိုလ်ရေး ဝန်ဆောင်မူများအနေဖြင့်လည်း မွေးနေ့အခမ်းအနားပွဲများ ကျင်းပပေးခြင်း၊ မင်္ဂလာဆွမ်းကျွေးပွဲများ ကျင်းပပေးခြင်း၊ ရက်လည်၊ နှစ်ပတ်လည် အန္တရာယ်ကင်း ဆွမ်းကျွေးပွဲများ ကျင်းပပေးခြင်း၊ သင်တန်းဆင်းပွဲများ၊ ကုမ္ပဏီအစည်းအဝေးပွဲများလက်ခံကျင်းပပေးခြင်း၊ မိတ်ဆုံစားပွဲများ ကျင်းပပေးခြင်းဖြင့် ဆောင်ရွက်လျက်ရှိပါသည်။