ချင်းတွင်းတံတား(ခန္တီး) 

Listing Description

ချင်းတွင်းမြစ် အရှေ့ဘက်ကမ်း သက္ကယ်ကျင်း - ဖောင်းပြင် - ဟုမ္မလင်း - ခန္တီးလမ်း မိုင်တိုင် (၃၃၀/၀)မှ ချဉ်းကပ်လမ်းစတင်၍ ခန္တီးမြို့ မြစ် တစ်ဖက်ကမ်း ဆင်သေရွာမှ ဆင်သေ - လဟယ်လမ်း မိုင်(၃/၅)သို့ ဆက်သွယ်ထားပါသည်။ ခန္တီးမြို့မှ နာဂတောင် တန်းသေသို့ ဆက်သွယ်ရာတွင် အရေးပါသော တံတားကြီးဖြစ်သည်။ ၈-၄-၂၀၁၈ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ တံတားအမျိုးအစားမှာ သံမဏိသံပေါင်အမျိုးအစားနှစ်လမ်းသွား ကားလမ်းဖြစ်ပြီး တံတားအရှည်မှာ ၂၆၅၆ ပေ ရှိပါသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းတည်ဆောက်ခဲ့သော တံတားကြီးဖြစ်သည်။

#ချင်းတွင်းမြစ်ကူးတံတား ခန္တီးတံတား