ချယ်ရီမြိုင် (Lincluden)

Listing Description

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ချယ်ရီမြိုင် (Lincluden) ကို ဒုတိယကမ္ဘာစစ်မဖြစ်ပွားမီက တည်ဆောက်ခဲ့ကာ အင်္ဂလိပ်အစိုးရလက်ထက် မြန်မာလူမျိုး နန်းရင်းဝန်များ ပြင်ဦးလွင်သို့ ရောက်ရှိချိန်တွင် နားခိုရန်အတွက် တည်ဆောက်ခဲ့ပါသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် နိုင်ငံတော်သမ္မတများ တည်းခိုသည့်နေရာဖြစ်ခဲ့ပြီး သမ္မတအိမ်တော်ဟုလည်း လူသိများထင်ရှားပါသည်။ အဆောက်အအုံအတွင်းရှိ ပရိဘောဂအများစုမှာ ယင်းအဆောက်အအုံတည်ဆောက်စဉ်ကတည်းက ပစ္စည်းများဖြစ်သည်ဟု သိရပါသည်။ ယခုအခါ ချယ်ရီမြိုင် (Lincluden) ကို ပြင်ဦးလွင်တပ်နယ် ဧည့်ရိပ်သာအဖြစ် အသုံးပြုလျက်ရှိပါသည်။