ခက်ရင်းခွကျွန်း

Listing Description

ခက်ရင်းခွကျွန်းသည် အက်ဒမန်ပင်လယ်အတွင်း ကော့သောင်းမြို့၏ အနောက်မြောက်ဘက်တွင်ရှိပြီ လှေဖြင့် ၂ နာရီကျော်ခန့် သွားရသော ဧက ၁၀၀၀ ကျော် အကျယ်အဝန်းရှိ ကျွန်းကြီးတစ်ကျွန်းဖြစ်ပါသည်။ ခရင်းခွကျွန်းဟု နာမည်နှင့်လိုက်အောင် ကျွန်းပေါ်ရှိ ပေ၁၀၀၀ခန့်ရှိသည့် တောင်ပေါ် view point မှကြည့်လျှင် ခက်ရင်းခွပုံသဏ္ဌာန်ထင်ထင်ရှားရှားတည်ရှိသည့် လှပသောကျွန်းတစ်ခုဖြစ်ပြီး ကျွန်းပေါ်တွင် Myanmar Andaman Resort ရှိပါသည်။ ကျွန်း၏ အားသာချက်များမှာDive Site များစွာရှိခြင်း၊ ရေအောက်တွင်လည်း ရေနတ်သမီး (Lion Fish)၊ Parrot Fish များနှင့် 7 Colors Lobster များကို တွေ့ရနိူင်ခြင်း၊ တောတောင်မြေအနေအထားအရ Jungle Trekking, Adventure Tour, Hiking Tour များပြုလုပ်နိူင်ခြင်း၊ ကျွန်းအထဲဘက်တွင် အမြဲစိမ်းသစ်တောရှိခြင်း နှင့် Sea Kayaking လုပ်ရင်း ကျွန်းပတ်လည်ရှိ ဒီရေတောနှင့် ဂူများကြားထဲ သွားရောက်လေ့လာနိုင်ခြင်း တို့ဖြစ်သည်။