ကာလီပါလီဘုရားကျောင်း

Listing Description

ကလောမြို့ ရွှေတောင်ကြား(၁)လမ်းတွင် တည်ရှိသည်။ အိန္ဒိယမြောက်ပိုင်းမှ ရွှေ့ပြောင်းလာသူများက လွန်ခဲ့သောရာစုနှစ်တစ်ခုခန့်က တည်ထားကိုးကွယ်ခဲ့သော ဟိန္ဒူဘုရားကျောင်းဖြစ်ပြီး အကြိမ်များစွာ နေရာရွှေ့ပြောင်းခဲ့ရသည်။ ၂၀၀၇ ခုနှစ်တွင် မြန်မာကျပ်ငွေ ၁,၇၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁,၂၀၀ ခန့်) ဖြင့် ပြန်လည်ပြုပြင် ထိန်းသိမ်းခဲ့သည်။ ဘုရားကျောင်းတွင် ဘုရားကျောင်းအမည်တွင်ပါရှိသည့် ကာလီမယ်တော်သာမက ဗိဿနိုးဘုရားရှင်၏ ပုံတော်၊ သီဝဘုရားရှင်၏ ပုံတော်၊ မဟာပိန္နဲဘုရား၏ ပုံတော်၊  ဒူဂါမယ်တော်၏ ပုံတော်များလည်း ရှိပါသည်။