ဟင်္သာမြိုင် (Jacobstowe)

Listing Description

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ကန်တော်လေးလမ်းအနီးရှိ ဟင်္သာမြိုင် (Jacobstowe) အဆောက်အအုံကို ၁၉၀၆ ခုနှစ်တွင် တည်ဆောက်ခဲ့ပါသည်။ ယခင်က ပြင်ဦးလွင်မြို့ သစ်တောကျောင်းဆရာများ နေထိုင်ခဲ့ပြီး ယခုအခါ သစ်တောဦးစီးဌာနရုံးအဖြစ် တည်ရှိပါသည်။ ၂၀၂၂ ခုနှစ် ဧပြီလ ၈ ရက်နေ့တွင် သစ်တောဦးစီးဌာနရုံး အဆောက်အအုံကို အမိန့်ကြော်ငြာစာအမှတ် (၃၀/ ၂၀၂၂) ဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ရှေးဟောင်း အဆောက်အအုံအဖြစ် သတ်မှတ်ခဲ့သည်။