Hill Top Villa Hotel

Listing Description

ကလောမြို့၊ အရှေ့ဘိုကုန်းရပ်တွင် တည်ရှိသည်။ ကလောဘူတာ၏ အရှေ့ဘက်ခြမ်း ကျယ်ဝန်းသောမြေနေရာပေါ်၌ ဘန်ဂလိုလေးများ အစီအရီဖြင့် ဆောက်လုပ်ထားသည်။ မြို့ထဲနှင့် အနည်းငယ် အလှမ်းဝေးသဖြင့် အေးအေးချမ်းချမ်းနေချင်သူများအတွက် အဆင်ပြေသည်။  ထင်းရှုးပင်များ၊ ရွှေပဲပန်းပင်လေးများ၊ သစ်ပင်ပန်းပင်များဖြင့် သာယာလှပသည့် ဟိုတယ်တစ်ခုဖြစ်သည်။ ဟိုတယ်၏ Sunset View Restaurant အပြင်ဘက်မှ ကလောမြို့မြင်ကွင်းနှင့် ရှမ်းတောင်တန်းများ၏ နေဝင်ဆည်းဆာအလှကို ခံစားနိုင်သည်။