မဟာဆေးဝင်္ကပါကျောင်းတိုက်

Listing Description

ကလောမြို့ တောင်ဖက်တွင် တည်ရှိသည်။ ကျောင်းတိုက်ကို ဆရာတော် ဦးသူရိယက ဗိုလ်ချုပ်စမစ်ဒွန်းနှင့် မစ္စတာဝိုက်တင်းတို့၏ အကူအညီဖြင့် စတင်တည်ထောင်ခဲ့သည်။ ကျောင်းဝန်းအတွင်း တောင်ကုန်းထိပ်တွင် စေတီနှစ်ဆူရှိပြီး ယင်းစေတီနှစ်ဆူမှာ ရှမ်းလူမျိုး နှင့် ကရင်လူမျိုးတို့က အလောင်းမင်းတရားကြီး အမိန့်ကြောင့် တစ်ဆူစီ တည်ထားခဲ့ကြသည်ဟု ပါးစပ်ရာဇဝင်များက ဆိုကြသည်။ ထိုစေတီများတည်ခဲ့ရခြင်း၏ ရည်ရွယ်ချက်မှာ ကရင်ပြည်နှင့် ရှမ်းပြည်များကြားတွင် ငြိမ်းချမ်းစေရေးနှင့် စစ်မက်မဖြစ်ပွားစေရန်ဖြစ်သည်။ ဘုရားဘွဲ့တော်ကို ကျန်စူးဘုရားဟု ခေါ်တွင်ခဲ့ကြသည်။ နောက်ပိုင်းတွင် ဘုရားဘွဲ့တော်သည် ကျန်စွန်းဘုရားသို့ ပြောင်းလဲသွားခဲ့ပါသည်။ စေတီနှစ်ဆူသည် စတင်တည်စက ဉာဏ်တော် ၄ ပေခန့်စီရှိသည်ဟု သိရပြီး ၂၀၁၇ ခုနှစ်တွင် ယင်းစေတီနှစ်ဆူ၏ ဉာဏ်တော်ကို ၁၅ ပေအထိ မြှင့်တင် မွမ်းမံခဲ့ပါသည်။