ဒီဇင်ဘာခြံနှင့် အပန်းဖြေစခန်း

Listing Description

ဒီဇင်ဘာခြံသည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ မန္တလေး-လားရှိုးလမ်းမကြီးဘေး၊ ပြင်ဦးလွင်မြို့မှ ၇ မိုင်ခန့်အကွာတွင် တည်ရှိပါသည်။ ဧက ၁၅၀ ခန့်ကျယ်ဝန်းသည့် ဒီဇင်ဘာဥယျာဉ်ခြံအတွင်း၌ မြင်းစီးနိုင်ခြင်း၊ ကလေးများအတွက် ကစားကွင်းရှိခြင်း၊ လှေစီးရန်လှေဆိပ်ပြုလုပ်ပေးထားခြင်း၊ ပန်းအမျိုးအစားများစွာ လှပသေသပ်စွာစိုက်ပျိုးထားရှိခြင်း၊ ရေတံခွန်ငယ်တည်ရှိခြင်း၊ စားသောက်ဆိုင်များစုံလင်စွာရှိခြင်း၊ ခြံထွက်နွားနို့စစ်စစ်ကို သောက်သုံးနိုင်ခြင်း စသည်တို့ကြောင့် လာရောက်အပန်းဖြေ အနားယူသူများဖြင့် အမြဲမပြတ်စည်ကားလျက်ရှိပါသည်။ ဒီဇင်ဘာဥယျာဉ်ခြံကို နေ့စဉ် နံနက် ၈ နာရီမှာ ညနေ ၆ နာရီအထိ ပိတ်ရက်မရှိဖွင့်လှစ်ပြီး မည်သူမဆို ဝင်ကြေးပေးဆောင်၍ သွားရောက်လည်ပတ်နိုင်ပါသည်။

သင်ကိုယ်တိုင် ပြင်ဆင် ဖြည့်စွက်ရန်

Listing Review

2021-08-23 03:03:44

ဖြည့်စွက်ပေးပါ

နှစ်ထောင့်တစ်ဆယ့်သုံးတွင်စတင်ဖွင့်လှစ်သည်