အစိုးရနည်းပညာအထက်တန်းကျောင်း

Listing Description

အစိုးရနည်းပညာအထက်တန်းကျောင်း(နေပြည်တော်)သည် ရတနာမဉ္ဇူလမ်း နှင့် တောင်ညိုလမ်းထောင့်၊ သုခသိဒ္ဓိရပ်ကွက်၊ဇဗ္ဗူသီရိမြို့နယ်၊ နေပြည်တော် တွင်တည်ရှိပါသည်။အကျယ်အဝန်းမှာ ဧရိယာ(၄.၅)ဧကခန့်ရှိပါသည်။ ၂၀၁၈ ခုနှစ် ဩဂုတ်လတွင် စတင်ဆောက်လုပ်ခဲ့ပြီး (၅-၅-၂၀၀၉) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ဤကျောင်းမြေနေရာတွင် မူလတန်းလွန်ကျောင်းအဖြစ် ဖွင့်လှစ်ရန် ရည်ရွယ်ကာဆောက်လုပ်ခဲ့ပြီး ၄င်းအစား သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန (ယခုပညာရေးဝန်ကြီးဌာန)မှ လွဲပြောင်းလက်ခံခဲ့ပြီး အစိုးရနည်းပညာအထက်တန်းကျောင်းအဖြစ် ဖွင့်လှစ်ခဲ့ပါသည်။