ယောမင်းကြီးဦးဘိုးလှိုင်ဂူဗိမာန်

Listing Description

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်၊ (၂၂) လမ်း၊ လမ်း (၉၀) နှင့် (၉၁) လမ်းကြားတွင် တည်ရှိသည်။ ဂူဗိမာန်တွင် ယောမင်းကြီးဦးဘိုးလှိုင်ရုပ်တုနှင့် သင်္ချိုင်းကျောက်စာ၊ ယောမင်းကြီးကတော် ရှင်ဖြူသင်္ချိုင်းဂူကျောက်စာ၊ သမီးတော်၊ သားတော်သုံးဦး သင်္ချိုင်းဂူကျောက်စာများအပြင် ရေနံချောင်းမြို့စားမင်းကြီး၏ ဂူကျောက်စာပါ တွေ့မြင်နိုင်သည်။ ယောမင်းကြီးဦးဘိုးလှိုင်သည် မင်းတုန်းမင်းနှင့် သီပေါမင်းလက်ထက်တွင် အတွင်းဝန်၊ မြို့စား အတိုင်ပင်ခံပညာရှိ ရာထူးများအပြင် သတိုးမင်းကြီး မင်းလှမဟာမင်းခေါင်သီဟသူဘွဲ့ရ ပညာရှိတစ်ဦး ဖြစ်ခဲ့ပြီး မြန်မာစာပေလောကတွင် ကျမ်းပေါင်း ၁၉ ကျမ်း ရေးသားခဲ့သည့် ဝိဇ္ဇာ၊ သိပ္ပံပညာရှင်တစ်ဦး ဖြစ်သည်။ ဦးဘိုးလှိုင်သည် ၁၂၂၂ ခုနှစ်မှစ၍ ၁၂၄၂ ခုနှစ်အထိ နှစ်ပေါင်း ၂၀ ကျော်အတွင်းတွင် ကျမ်းစာပေါင်းများစွာ ပြုစုရေးသားခဲ့သည်။

ရေးသားခဲ့သော ကျမ်းများ

  • လိလာဝတီ ဂဏန်းကျမ်း (၁၂၂၅ ခုနှစ်) အိမ်ရှေ့စံကနောင်မင်းသားကြီး၏ အမိန့်တော်ကြောင့် ရေးသည်။
  • လောကဓာတ် ဆေးကျမ်း (၁၂၃၀ ခုနှစ်) ဖန်ချက်ဝန်ထောက် မင်းထင်ပညာသိဒ္ဓိကျော် နှင့် အတူရေးသည်။
  • လိပိဒီပိကာကျမ်း ကြေးနန်းရိုက်ကျမ်း (၁၂၃၁ ခုနှစ်) ထိုကျမ်းကို အင်္ဂလိပ်သံအရာရှိ မက်မာဟွန်က အင်္ဂလိပ်ဘာသာ သို့ပြန်ဆိုခဲ့သည်။
  • သဒ္ဒသင်္ဂဟ ကျမ်း (၁၂၃၁-၁၂၃၅ ခုနှစ်)
  • အဿဗေဒကျမ်း (၁၂၃၁ ခုနှစ်) မြင်း၏ကြင်အင်လက္ခဏာပြကျမ်းဖြစ်၍ ဘုရင့်အမိန့်တော်အရရေးသည်။
  • ဝိမုတ္တိရသကျမ်း (၁၂၃၃ ခုနှစ်)
  • မဟာ သမ္မတ ဝိနိစ္ဆယကျမ်း (၁၂၃၄ ခုနှစ်)
  • ကာယနုပဿနာကျမ်း (၁၂၃၇ ခုနှစ်) စလင်းမင်းသမီး၏တောင်းပန်ချက်အရရေးသည်။
  • ဝိပဿနာ ဉာဏ်ဆယ်ပါး (၁၂၃၉ ခုနှစ်)
  • ရာဇဓမ္မ သင်္ဂဟကျမ်း (၁၂၄၀ ခုနှစ်)
  • နဝသိဒ္ဓန္တ လက်ရိုးကျမ်း (၁၂၄၁ ခုနှစ်)
  • ဥတုဘောဇန သင်္ဂဟကျမ်း (၁၂၄၂ ခုနှစ်)
  • အလင်္ကာနိဿယကျမ်း (၁၂၄၂ ခုနှစ်)
  • မဟာသုဇာတက ဗေဒင်ကျမ်း (၁၂၄၃ ခုနှစ်)
  • မဟာသုဇာတက (၁၂၄၃ ခုနှစ်)
  • နဝသိဒ္ဓန္တကျမ်း
  • အသုတသာဂရကျမ်း
  • နိဗ္ဗာန်ရောက်ကြောင်း စာတမ်း
  • ဝိဇယသုတ်
  • သံဌသုတ်
  • သမသနဉာဏ်တော် ၁၀ ပါးအကျယ်
  • သဒ္ဒသင်္ဂဟကျမ်း