ရုံးအမှတ် (၂၃)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

Listing Description

၁၉၄၅ ခုနှစ်၊ မြန်မာနိုင်ငံလွတ်လပ်ရေးမရမီအချိန်က လူမှုရေးနှင့် ပြန်လည်ထူထောင်ရေး ညွှန်ကြားရေးမှူး ရုံးဖွင့်လှစ်ကာ သဘာဝဘေးကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးနှင့် လူမှုရေး လုပ်ငန်းများအား ဆောင်ရွက် ခဲ့ပါသည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၄၈ ခုနှစ် တွင် ပညာရေး၊ လူမှုရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအဖြစ် ပြန်လည် ဖွဲ့စည်းခဲ့ပါသည်။ ၁၉၅၁ ခုနှစ်တွင် ပညာရေး၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချ ထားရေး ဝန်ကြီးဌာနအဖြစ်သို့လည်းကောင်း၊ ၁၉၅၂ ခု နှစ်တွင် လူနည်းစုရေးရာဝန်ကြီးဌာနနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အဖြစ် သို့လည်းကောင်း ပြင်ဆင် ဖွဲ့စည်းခဲ့ပြီး သဘာဝဘေးအန္တရာယ်များ ကာကွယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး၊ ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ပါသည်။ ၁၉၅၇ ခုနှစ်တွင် နိုင်ငံရေးအခြေအနေ အရ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးနှင့် အမျိုးသားစည်းရုံးညီညွတ်ရေး ဝန်ကြီး ဌာနဟူ၍ ပြင် ဆင်ခဲ့ပါသည်။ ၁၉၇၂ ခုနှစ်၊ စနစ်သစ်အုပ်ချုပ်ရေး ပေါ်ပေါက်လာ သည့်အခါ အဆိုပါဝန်ကြီးဌာနအား ဖျက်သိမ်းပြီး လူမှုဝန်ထမ်းဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းခဲ့ပါသည်။ ၁၉၉၂ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝမ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ လူမှုဝန်ထမ်းဝန်ကြီးဌာနအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန အဖြစ်ပြင်ဆင်၍ မီးသတ်ဦးစီးဌာန အပါအဝင် ဦးစီးဌာန(၃)ခုဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ (၆) ရက်နေ့တွင် မီးသတ်ဦးစီးဌာနအား ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်သို့ ပြန်လည်လွှဲပြောင်းဖွဲ့စည်းခဲ့ပါသည်။

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင်

၁။ ဝန်ကြီးရုံး

၂။ လူမှုဝန်ထမ်းဦးစီးဌာနနှင့်

၃။ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန

၄။ပြန်လည်ထူထောင်ရေးဦးစီးဌာန ဟူသည့် ဦးစီးဌာန(၃)ခုတို့ဖြင့် ဖွဲ့စည်း ထားပါသည်။