ရုံးအမှတ် (၁၁)၊ ဆောက်လုပ်ရေးဝန်ကြီးဌာန

Listing Description

၁၈၈၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် ပြည်သူ့လုပ်ငန်းဌာနနှင့် ၁၉၅၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ပြည်သူ့အိုးအိမ် ပြန်လည်ထူထောင်ရေးနှင့် မြို့ရွာစည်ပင်ရေးအဖွဲ့ တို့ကို ဦးဆောင်ကြပ်မတ်နိုင်ရန် ၁၉၅၄ ခုနှစ်တွင် ပြည်သူ့လုပ်ငန်းနှင့် အိမ်ရာဆောက်လုပ်ရေး ဝန်ကြီးဌာန အမည်ဖြင့် စတင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်။

၁၉၇၂ ခုနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန အဖြစ် ပြုပြင်ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီး ဝန်ကြီးဌာန၏ ရည်မှန်းချက်နှင့် တာဝန်ဝတ္တရားများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဖော်ဆောင် လျက်ရှိပါသည်။ အဓိကအားဖြင့် ပြည်သူ့ရေးရာ ဝန်ဆောင်မှုများအနက် လူမှု့စီးပွားရေး၏ အခြေခံ အဆောက်အအုံများဖြစ်သော လမ်းကွန်ရက်၊ ဆောက်လုပ်ရေးကဏ္ဍနှင့် လူမှု့စီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သော မြို့ပြကဏ္ဍ နှင့် အိမ်ရာကဏ္ဍတို့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးကို တာဝန်ယူ ကြပ်မတ်ဖော်ဆောင် လျက်ရှိသော ဝန်ကြီးဌာန ဖြစ်ပါသည်။