ရုံးအမှတ် (၁)၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန

Listing Description

နောက်ခံသမိုင်းကြောင်း

       နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရာ၌ စီးပွားရေးလုပ်ငန်းများ လွယ်ကူချောမွေ့စေရန်နှင့် ပြည်ပငွေကြေးအကူအညီ၊ နည်းပညာ အထောက်အပံ့၊ တရားဝင်ဖွံ့ဖြိုးမှု အထောက်အပံ့ချေးငွေ၊ ပြည်တွင်း/ ပြည်ပရင်းနှီးမြှုပ်နှံမှု တို့ကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားရန် ရည်ရွယ်၍ ယခင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနအောက်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာနတို့ဖြင့် ပူးပေါင်းဖွဲ့စည်းထားသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနကို နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၈ခုနှစ် နိုဝင်ဘာလ ၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၈၇/၂၀၁၈)ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးကို ဝန်ကြီးဌာနတည်ထောင်ပြီးနောက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင်

        ၁။ အုပ်ချုပ်ရေးနှင့် လူ့အရင်း အမြစ်စီမံခန့်ခွဲမှုဌာနခွဲ

        ၂။ မူဝါဒနှင့် ဥပဒေလုပ်ထုံးလုပ်နည်းစိစစ်ရေးနှင့် လုပ်ငန်းစစ်ဆေးရေးဌာနခွဲ

        ၃။ စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲ

        ၄။ ဝန်ကြီးဌာနတွင်း စာရင်းစစ်နှင့် ဘဏ္ဍာရေးဌာနခွဲ

        ၅။ ပြည်တွင်း/ ပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ

        ၆။ e-Government ဌာနခွဲနှင့်

        ၆။ ဦးစီးရုံး တို့ဖြင့် ဖွဲ့စည်းခဲ့ပါသည်။