ရှမ်းရိုးမအပန်းဖြေဆင်စခန်း

Listing Description

ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ မိတ္ထီလာ-တောင်ကြီး ကားလမ်းမဘေး မိုင်တိုင် ၅၄ မိုင် ၃ ဖာလုံ၊ နန့်ပန်တက်ကျေးရွာအနီးတွင် တည်ရှိပါသည်။ ဆင်စခန်းကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လာရောက်လည်ပတ်သူများအနေဖြင့် သဘာဝသစ်တောထဲ၌ ဆင်စီးခြင်း၊ ဆင်ရေချိုး (ရေချ)ခြင်းများကိုအနီး ကပ်ကြည့်ရှုခြင်း၊ ဆင်များကို ကိုယ်တိုင်ရေချိုးပေးခြင်း၊ ဆင်များ သဘာဝအတိုင်း တောထဲတွင် နေထိုင်သည့်ဓလေ့ကို ဆင်ဦးစီးများနဲ့အတူ လေ့လာခြင်း၊ ဆင်များနှင့် ဓာတ်ပုံ၊ ဗီဒီယိုများ ရိုက်ကူးခြင်း၊ ဆင်သမားကျေးရွာသို့ သွားရောက်လေ့လာခြင်းများ ပြုလုပ်နိုင်ပါသည်။ ထို့ပြင် ဆင်စခန်းမှ ၂ မိုင်ခန့်ဝေးသည့် ဘူးချောင်းဝဖျား ရေတံခွန်သို့လည်း ခြေလျင်ခရီးဖြင့် သွားရောက်အပန်းဖြေနိုင်ပါသည်။