ဝင်္ဂဘော်ဆင်စခန်း

Listing Description

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့အနီး၊ ဘုရားကြီးလမ်းပိုင်းတွင် တည်ရှိပါသည်။ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဖြစ်ပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကာ မိဘမဲ့ဆင်ကလေးများကို ထိန်းသိမ်းစောင့်ရှောက်ပေးနေသော ဆင်စခန်းလည်းဖြစ်ပါသည်။ အဆိုပါ ဆင်စခန်းသည် နေ့စဉ် နံနက် ခုနစ်နာရီခွဲမှ ညနေ ခြောက်နာရီအထိ ဖွင့်လှစ်ထားပြီး လာရောက်လည်ပတ်သူများအနေဖြင့် ဆင်ရေချိုးခြင်း၊ စားကျက် မြေလွှတ်၍ အစာစားခြင်း၊ ဆင်ငယ်လေးများ ဆော့ကစားခြင်းအပါအဝင် ဆင်များ၏ တစ်နေ့တာလှုပ်ရှားသွားလာပုံများကို သဘာဝကျကျတွေ့မြင်နိုင်ပါသည်။ အကယ်၍ ခရီးသွားများဆန္ဒရှိပါက ဆင်စခန်းဝန်းအတွင်း ဆင်စီး၍ လှည့်လည်ကြည့်ရှုနိုင်ပါသည်။