ဦးစိုးဝင်း (၁၉၄၇ - ၂၀၀၇)

Listing Description

၁၉၄၇ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ မွေးဖွားခဲ့သည်။ ၂၀၀၄ ခုနှစ်၊ အောက်တိုဘာလ ဝန်ကြီးချုပ်ရာထူးကို မခန့်မီ ဦးစိုးဝင်းအား လူသိများသည်မှာ ၁၉၈၈ ခုနှစ် အရေးတော်ပုံကာလက ဒီမိုကရေစီ တောင်းဆိုဆန္ဒပြသူများအား နှိပ်ကွပ်မှုတွင် ရန်ကုန်တက္ကသိုလ်တစ်ဝိုက်၌ တပ်များနေရာချထားခြင်းနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးအား ပစ်ခတ်ခြင်းတို့တွင် ကြီးကြပ်ပါဝင်ခဲ့သူဟု လူသိများသည်။

စစ်တက္ကသိုလ် အပတ်စဉ် ၁၂ ဆင်းဖြစ်ပြီး ၁၉၉၀ ခုနှစ်တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် နည်းဗျူဟာ အမှတ် ၃ တွင် နည်းဗျူဟာမှူး ဖြစ်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် တိုင်းမှူးဖြစ်ခဲ့သည်။ ၂၀၀၁ ခုနှစ် နိုဝင်ဘာလတွင် ရန်ကုန်စစ်ရုံးချုပ်၌ လေကြောင်းရန် ကာကွယ်ရေးဗိုလ်ချုပ်ဖြစ်လာသည်။ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီတွင် စစ်အစိုးရ၏ အတွင်းရေးမှူး (၂) ဖြစ်လာသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတွင် ခေါင်းဆောင်ပိုင်းတာဝန်ယူခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်လည်း နီးစပ်သူ ဖြစ်သည်။

ဒေါ်သန်းသန်းနွဲ့နှင့် အိမ်ထောင်ကျခဲ့ပြီး သားနေစိုးနှင့် သမီး သိမ့်သိမ့်စိုးတို့ကို ဖွားမြင်ခဲ့သည်။

ထမ်းဆောင်ခဲ့သောတာဝန်များ

- စစ်ဦးစီးမှူး(ပထမတန်း)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်

- နည်းဗျူဟာမှူး၊ အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်

- ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး၊ အမှတ်(၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်

- တပ်မမှူး၊ အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ်

- တိုင်းမှူး၊ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းအေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (၁၉၉၇)

- လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ် (၂ဝဝ၁)

- အတွင်းရေးမှူး ၂၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (ဖေဖော်ဝါရီ ၂ဝဝ၃)

- အတွင်းရေးမှူး ၁၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (‌ဩဂုတ် ၂ဝဝ၃)

- နိုင်ငံတော်ဝန်ကြီးချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၊ (နယကအဖွဲ့ဝင်) (အောက်တိုဘာ ၂၀၀၄)

၁၂-၁ဝ-၂ဝဝ၇ တွင် လူကီးမီးယားသွေးကင်ဆာနှင့် ကွယ်လွန်သည်။