သူရမချစ်ပိုအုတ်ဂူ

Listing Description

၁၉၄၉ ခုနှစ်၊ ဧပြီလ (၈) ရက်နေ့ အသက် (၄၂) နှစ်အရွယ်တွင် ကျဆုံးသွားခဲ့သည်။ ၁၉၄၉ ခုနှစ်၊ မေလ (၁၆) ရက်နေ့တွင် မချစ်ပို ၏ ရုပ်အလောင်းကို စစ်အခမ်းအနားဖြင့် ပြင်ဦးလွင် မြို့ ထုံးဘိုရပ်တွင် ဂူသွင်းသဂြိုဟ်ခဲ့ကြသည်။ (၁၉၅၀)ပြည့်နှစ် မြန်မာ့ လွတ်လပ်ရေး ဒုတိယ နှစ်ပတ်လည် (၁၉၅၀ပြည့် ဇန်နဝါရီ ၄ရက်) နေ့တွင် မချစ်ပို ၏ စွမ်းစွမ်းတမံ ဆောင်ရွက်မှု များကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်က သူရ ဘွဲ့ကို ထိုက်တန်စွာ ဂုဏ်ပြု ချီးမြှင့် ခဲ့လေသည်။ သူရ မချစ်ပို သည် မြန်မာနိုင်ငံတွင် တစ်ဦးတည်းသော သူရဘွဲ့ရ အမျိုးသမီး အဖြစ် ယနေ့တိုင် ရပ်တည်ဆဲ ဖြစ်သည်။ ယခုအခါတွင် သူရမချစ်ပို၏ အမည်အား သူရဲကောင်းဗိမာန် (နေပြည်တော်)၌ မော်ကွန်းတင်ကမ္ပည်းရေးထိုးထားရှိပြီး သူမ၏ဇာတိ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သောကြာပြင်ပန်းခြံ၌ သူရမချစ်ပို ရုပ်တု ထွင်းထုထားရှိသည်။