သမုတ်-လွတ်လွတ်တံတား

Listing Description

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် မြိတ်-ထားဝယ်-ရန်ကုန် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ သမုတ်မြစ်ပေါ်တွင် ဖြတ်သန်းတည်ဆောက်ထားသည်။ ၂၀၁၇ ခုနှစ်  ဩဂုတ်လ ၁ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ တံတားအရှည် ၁၂၈၇ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ လူသွားလမ်းတစ်ဖက်သုံးပေစီပါရှိသည့် နှစ်လမ်းသွားတံတားဖြစ်သည်။ တံတား၏ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ခွင့်ပြုတန်ချိန် ၇၅ တန်ဖြစ်သည်။ ရေလမ်းကင်းလွတ် အကျယ် ၁၆၄ ပေ နှင့် ရေလမ်း ကင်းလွတ်အမြင့် ၁၅ ပေရှိကာ တံတား အမျိုးအစားမှာ အုတ်မြစ် 1.5 Bore Pile၊ တံတားကိုယ်ထည်၊ တံတား တိုင်များမှာ သံကူကွန်ကရစ်များ ဖြစ်ပြီး တံတားအပေါ်ထည်မှာ ကြိုတင်အားဖြည့် သံကူကွန်ကရစ် ရက်မ၊ သေတ္တာပုံ သံမဏိရက်မနှင့် သံကူကွန်ကရစ် ကြမ်းခင်းများဖြင့် တည်ဆောက်ထားသည်။