စမတ်ကျွန်း (ခ) ပါပန့်ကျွန်း

Listing Description

စမတ်ကျွန်း(ခ) ပါပန့်ကျွန်းသည် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နှင့် ရေမိုင် ၆၁ မိုင်ခန့်ကွာဝေးပါသည်။ ကမ်းခြေအရှည် ပေ ၂၀၀၀ နီးပါးခန့် ရှည်လျားသော စမတ်ကျွန်းသည် လှပသော ကျောက်လုံးများ ရှိပြီး၊ တစ်ဖက်ခြမ်းတွင် သဲသောင်ပြင် ကမ်းခြေနှင့် အလယ်တွင် ကျောက်ဆောင်များ၊ ကျောက်မုခ်ဦးဝများ ရှိခြင်းကြောင့် ခရီးသွားများ မျက်စိကျကြပါသည်။ အထူးသဖြင့် ကျွန်းရှိ ကျောက်စရစ်ကမ်းခြေကြောင့် နာမည်ကျော်ထင်ရှားပါသည်။ ရေကူး၊ရေငုပ်ကောင်း၍ ရေလှိုင်းများစီးနိုင်ပြီး ကျွန်းပေါ်တွင်လည်း ညအိပ်နိုင်သောကြောင့် ခရီးသွားများ အများစု လာရောက်အပန်းဖြေသော ကျွန်းတစ်ကျွန်းဖြစ်ပါသည်။