စိန့်ကက်သရင်း အင်္ဂလိကန်ဘုရားကျောင်း

Listing Description

ကလောမြို့ တက္ကသိုလ်လမ်းတွင် တည်ရှိသော စိန့်ကက်သရင်း ဘုရားကျောင်းသည် Nave တစ်ခုတည်းသာပါသည့် ရိုးရှင်းသော ဘုရားကျောင်းတစ်ခုဖြစ်သည်။ မိတ္ထီလာမြို့ရှိ ဂိုဏ်းအုပ် Lister  လက်ထက်တွင် တည်ဆောက်ခဲ့ပြီး ၁၉၁၇ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ၂၀၁၇ ခုနှစ် နှစ်တစ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ဘုရားကျောင်းအား ပြန်လည်မွမ်းမံခဲ့ကြသည်။ ဟီဘရူးနှင့် ဂရိမှ လုပ်ဖော်ကိုင်ဖက်နှစ်ဦးနှင့်အတူ သမ္မာကျမ်းစာအား မြန်မာဘာသာသို့ ဘာသာပြန်ဆို၍ “Garrad Bible” ကိုထုတ်ဝေခဲ့သော Rev. Charles E Garrad သည် ၁၉၃၀ နှင့် ၁၉၃၂ ခုနှစ်ကြားတွင် ယင်းဘုရားကျောင်း၏ ဘုန်းတော်ကြီးတစ်ပါးအဖြစ် အမှုထမ်းခဲ့သည်။