စိန့်ဂျိုးဇက်ဘုရားရှိခိုးကျောင်း

Listing Description

တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်၊ ဘုရင့်နောင်လမ်းတွင် တည်ရှိသည်။ ဘုရားကျောင်းကို ၁၉ ရာစု အစောပိုင်းတွင် PIME သာသနာပြုများက စတင်တည်ထောင်ခဲ့သည်။ ဘုရားကျောင်းဝန်းထဲတွင် PIME သာသနာပြု ပုဂ္ဂိုလ်ဘုန်းတော်ကြီး Bishop father နှစ်ဦး၏ အုတ်ဂူများကို တွေ့မြင်နိုင်သည်။ အုတ်ဂူများတွင် ရေးထိုးထားသည့် သက္ကရာဇ်  ကမ္ဗည်းများအရ FATHER PEDROTTI သည် တောင်ကြီးမြို့သို့ ၁၉၀၈ ခုနှစ် အသက် ၂၄ နှစ်တွင် ရောက်ရှိလာပြီး နှစ်ပေါင်း ၆၅ နှစ်တိုင် သာသနာဝန်ထမ်းသွားသည်ကို တွေ့ရသည်။ ထို့အတူ FATHER PETER သည် တောင်ကြီးမြို့သို့ ၁၉၃၈ ခုနှစ် အသက် ၂၄ နှစ်တွင် ရောက်ရှိလာပြီး နှစ်ပေါင်း ၄၇ နှစ်တိုင် သာသနာဝန်ထမ်းသွားသည်ကို တွေ့ရပါသည်။