စိန့်ဂျိုးဇက်ဘုရားရှိခိုးကျောင်း

Listing Description

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်၊ လမ်း ၈၀၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားတွင် တည်ရှိသည်။ ၁၉၁၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသို့ရောက်ရှိလာသော ပြင်သစ် ကက်သလစ်သာသနာပြု ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာဂျိုးဇက်လဖုန်းက ၁၉၁၉ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၃၃ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။  ၂၀၂၂ ခုနှစ် ဧပြီလ ၈ ရက်နေ့တွင် စိန့်ဂျိုးဇက်ဘုရားရှိခိုးကျောင်းကို အမိန့်ကြော်ငြာစာအမှတ် (၃၀/ ၂၀၂၂) ဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ရှေးဟောင်း အဆောက်အအုံအဖြစ် သတ်မှတ်ခဲ့သည်။