ပျဉ်းမနားမြို့အတွင်းရှိ ငလိုက်ချောင်း (၉) လမ်းတံတား ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ ဖြတ်သန်းသွားလာခွင့်ပြု

Listing Description

နေပြည်တော် အောက်တိုဘာ ၁၄

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏခရိုင် ပျဉ်းမနားမြို့ အတွင်းရှိ ရွှေချီ ရပ်ကွက်နှင့် ရွာကောက်ရပ်ကွက်တို့အားဆက်သွယ်ထားသည့် ငလိုက်ချောင်း(၉) လမ်းတံတားကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နေပြည်တော်ကောင်စီရန်ပုံငွေကျပ် ၄၂၄ သန်းဖြင့် အရှည် ပေ ၁၄၀၊ အကျယ် ၂၇ ပေ၊ ယာဉ်သွားလမ်း ၂၄ ပေ။ လူသွားလမ်း ၃ ပေရှိ အပေါ်ထည် သံကူကွန်ကရစ်ရက်မနှင့် သံကူကွန်ကရစ် ကြမ်းခင်းတံတား ရာနှုန်းပြည့်ပြီးစီပြီဖြစ်သောကြောင့် ယနေ့နံနက်ပိုင်းမှစတင်၍ ဖြတ်သန်းသွားလာခွင့် ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။ ။

ထိုသို့စတင်ဖြတ်သန်းသွားလာခွင့်ပြုရာတွင် ပျဉ်းမနားမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်ဝေ ဖြိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တံတား၏ ကြံ့ခိုင်မှု၊ ယာဉ်များ၊ တံတား အသုံးပြုသူပြည်သူများ သွားလာရာတွင် အခက်အခဲ ရှိ၊ မရှိတို့နှင့် တံတားအား သက်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောက်လုပ်ခြင်း ရှိ၊ မရှိတို့ကို ကြည့်ရှု စစ်ဆေးပြီး စတင်ဖြတ်သန်းသွားလာခွင့်ပြုလိုက်ကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)