နတ်သမီးရေတွင်းကျွန်း

Listing Description

နတ်သမီးရေတွင်းကျွန်းသည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ကျွန်းစုများအတွင်း၊ ကပ္ပလီပင်လယ်ပြင်ဝယ် မြောက်လတ္တီကျု ၁၂°၀၃’၅၅.၈၄၉” နှင့် အရှေ့လောင်ဂျီကျု ၈၉°၀၀’၅၁.၉၁၀” တွင် ရှိသည့် ကျွန်း တစ်ကျွန်း ဖြစ်ပြီး၊ ဝေဟင်မှ ရှုမျှော်ပါက နတ်သမီးတပါး ကနေဟန် ရှိပါသည်။ ကျွန်း တခုလုံး၏ မြေအကျယ်အဝန်းမှာ ဧက ၅၀၀ ခန့်ရှိကာ၊ အရှေ့အနောက် အရှည် ၃.၂၁ ကီလိုမီတာ၊ တောင်မြောက်အကျယ် ၂ ကီလိုမီတာ ရှိပါသည်။ ယနေ့ထိတိုင် ခုတ်လှဲခြင်း မခံရသေးသော မူလသစ်ပင်ကြီးများစွာ ပေါက်ရောက်နေကာ၊ ကမ်းခြေတွင် နူးညံ့သန့်ရှင်းသည့် သဲသောင်ကို ပိုင်ဆိုင်ထားပြီး ကျောက်ဆောင်များမှာ ထည်ဝါခန့်ညားပါသည်။