မြို့တော်ဂေါက်ကွင်း (နေပြည်တော်)

Listing Description

မြို့တော်ဂေါက်ကွင်းသည် နေပြည်တော်ချောင်းမကြီးဆည် အနောက်ဘက်နှင့် ပြည်သူ့လွှတ်တော်အဆောက်အအုံ၏ အနောက်မြောက်ဘက် အနီးတွင် တည်ရှိသည်။(၁၄-၂-၂၀၀၆)ရက်နေ့မှ စတင်၍ ဂေါက်ကွင်းဧရိယာစတင်အကောင်အထည်ဖော်ခဲ့သည် ။ မြေအကျယ်အဝန်း (၄၃၉)ဧကရှိသော မြို့တော်ဂေါက်ကွင်း ဂေါက်သီးရိုက် လေ့ကျင့်ရေး ကွင်းအား ၄-၁-၂၀၀၇ ရက်နေ့တွင် လည်းကောင်း၊ ဂေါက်ကွင်းပထမ ၉ ကျင်းအား ၂၅-၃-၂၀၀၇ ရက်နေ့တွင် လည်းကောင်း၊ ဒုတိယ ၉ ကျင်းနှင့် ကလပ် ၁ အဆောက်အအုံတို့အား ၂-၁၂-၂၀၀၇ ရက်နေ့တွင် လည်းကောင်း ဖွင့်လှစ်နိုင်ခဲ့ပါသည်။ မြို့တော်ဂေါက်ကွင်းတွင် အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများမှ ပြိုင်ပွဲများကျင်းပပြုလုပ်ရာတွင် လိုအပ်သည့် ကယ်ဒီစီစဉ်ပေးခြင်း၊ ဘာဂီစီစဉ်ပေးခြင်း၊ ဆုပေးပွဲအခမ်းအနားကျင်းပနိုင်ရန် နေရာထိုင်ခင်းစီစဉ်ငှားရမ်းပေးခြင်း။ ScoreBoardမှတ်တမ်းတင်ပေးခြင်း၊ Hole In One မှတ်တမ်းတင်ပေးခြင်း၊ Pro-Shop ဖွင့်လှစ်ထားရှိခြင်းတို့ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။