Morning Glory Inn

Listing Description

ကလောမြို့၊ အရှေ့မြို့ပတ်လမ်း၊ ရပ်ကွက် (၃)၊ အမှတ် (၁၆) တွင် တည်ရှိသည်။ သိက္ခာတော်ရဦးဘ(၁၈၇၄-၁၉၆၃)နှင့် ဇနီးဒေါ်ဖြူဒွ (၁၈၈၃-၁၉၆၄) တို့က Mrs. Condees ထံမှ ယင်းအဆောက်အအုံနှင့် အနီးအနားရှိပိုင်ဆိုင်မှုများကို ဝယ်ယူခဲ့သည်။ သိက္ခာတော်ရဦးဘက သားဖြစ်သူ ဦးဘကလေး (ကွယ်လွန်) နှင့် လက်ရှိပိုင်ရှင် ဒေါ်ခင်မေတင့် (ခ) အန်တီဖလောရင့် တို့ထံ လွှဲပြောင်းပေးခဲ့သည်။ မူလက U ပုံသဏ္ဍာန်အဆောက်အအုံအဖြစ် ဆောက်လုပ်ရန် ရည်ရွယ်ထားသော်လည်း L ပုံသဏ္ဍာန်ထိသာ ဆောက်လုပ် ပြီးစီးခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင် ပြန်လည်ပြုပြင်တိုးချဲ့ခဲ့ပြီး ၂.၅ ဧက (၁ ဟက်တာ) ကျယ်ဝန်းသော ခြံဝင်းအတွင်းတွင် Morning Glory Inn ဟိုတယ်အဖြစ် ဖွင့်လှစ်ခဲ့သည်။ ဟိုတယ်ဝင်းထဲတွင် ထောပတ်သီးပင်များ၊ ထင်းရှုးပင်များ၊ ပန်းပင်များဖြင့် သာယာလှပပြီး မိသားစု အေးအေးချမ်းချမ်း တည်းခိုရန်အဆင်ပြေသည့် ဟိုတယ်တစ်ခုဖြစ်သည်။