မလိဝမ်းရေတံခွန်နှင့် သဘာဝရေပူစမ်း

Listing Description

မလိဝမ်းရေတံခွန်သည် မြန်မာနိုင်ငံတောင်ဘက်စွန်း ကော့သောင်းမြို့မှ မြောက်ဘက် ၂၅ မိုင်ခန့်အကွာ မလိဝမ်းကျေးရွာ အနီးတည်ရှိပါသည်။ မလိဝမ်းရေတံခွန်တွင် ဗြိတိသျှ လက်ထက်က သတ္တုတူးဖော်ရေး လုပ်ငန်းသုံး ရေအားလျှပ်စစ်ထုတ်ယူ ခဲ့ကြောင်းသိရပါသည်။ ယခုအခါ ဒေသခံ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ဆောင်မှု ကုမ္ပဏီတစ်ခုမှ သဘာဝအလှ မပျက်ယွင်းစေရန် ဆွဲဆောင်ဖန်တီးမွမ်းမံတည်ဆောက်ထားပြီး သင့်တင့်လျောက်ပတ်သော ဝင်ကြေးငွေပေးဆောင်၍ အနားယူအပန်းဖြေနိုင်ပါသည်။ မလိဝမ်းသဘာဝရေပူစမ်းမှာ ရေတံခွန်နှင့်ကပ်လျက်မဟုတ်ဘဲ ကားဖြင့် ၁၅ မိနစ်ခန့် ထပ်သွားရန်လိုအပ်ပါသည်။ ရေပူစမ်းမှာ စက်ဝိုင်းပုံစံဖြစ်ပြီး ရေအပူချိန်များမှာ 40°C၊ 45°C နှင့် 55°C ဟူ၍ သုံးကန့်ခွဲထားပါသည်။