မဟာတုလွတ်ဘုံကျော်ကျောင်းတော် (မြောက်စလင်းတိုက်)

Listing Description

မဟာတုလွတ်ဘုံကျော်ကျောင်းတော်သည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဥပုတ်တော်ရပ်ကွက်၊ မန္တလေးတောင်အနောက်ဘက်၊ မန္တလာရာမပြည်တိုက်အနီးတွင် တည်ရှိပါသည်။ ကျောင်းတော်ကြီးကို မင်းတုန်းမင်းကြီးက သမီးတော် ပင်တိုင်စံစလင်းထိပ်ခေါင်တင်ကို ငွေလေးသိန်းထုတ်ပေးကာ ခမည်းတော်ကိုယ်စား ကုသိုလ်တော်ပွား အပြောက်အမွှန်းလက်ရာမြောက် လက်သမားအကျော်အမော်များကို ဆောက်လုပ်စေခဲ့ပါသည်။ ကျောင်းကြီးသည် အနုစိတ်လွန်းလှသဖြင့် ၁၂၃၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ရာ ၁၂၃၈ ခုနှစ်မှ ပြီးစီးခဲ့ပြီး စလင်းထိပ်ခေါင်တင်မင်းသမီး ဦးဆောင်ဆောက်လုပ်လှူဒါန်းသဖြင့် "စလင်းကျောင်းတော်"ဟု အမည်တွင်ကာ ကျောင်းတော်ကြီးကို ကျမ်းတတ်အကျော်ဆရာတော် အရှင်ဝရစက္ကမေဓာဘိဝံသ (ငယ်မည် ဦးမှော်) အား ရေစက်ချလှူဒါန်းခဲ့ပါသည်။ မင်းတုန်းမင်းကြီး ကောင်းစွာမကျန်းမာသဖြင့် ၁၂၄၀ ပြည့်နှစ်ရောက်မှ စလင်းမင်းသမီးက ကျောင်းတော်ကြီးကို ရေစက်ချလှူဒါန်းခဲ့သည်ဟု သိရပါသည်။ စလင်းကျောင်းကြီးသည် ရွှေပိန်းချအခန်းများ၊ ပန်းပုလက်ရာ အပြောက်အမွှန်းများ ကောင်းလွန်းလှသဖြင့် နယ်ချဲ့အင်္ဂလိပ်တို့လက်ထက်တွင်ပင် မှတ်တမ်းတင်ခြင်းခံရသော ကျောင်းတော်ကြီးဖြစ်ပါသည်။ ယခုအခါ ပျက်စီးနေသော အုတ်လှေကား တစ်ခုနှင့် အသားတိုင် တစ်တိုင်သာ တွေ့မြင်နိုင်ပါတော့သည်။