မိုင်းသောက်တံတား

Listing Description

မိုင်းသောက်တံတားသည် ညောင်ရွှေမြို့ အရှေတောင်ထောင့် မိုင်းသောက်ကျေးရွာနှင့် မိုင်းသောက်အင်း ကျေးရွာကြားတွင် တည်ရှိသည်။ ထိုတံတားကြီးကို ၂၀၀၀ ပြည့်နှစ်တွင် Inle princess resort ပိုင်ရှင် ဦးအုန်းမောင် နှင့် planetwheeler Foundation မှ နိုင်ငံခြားသားများနှင့် အတူ ပူးပေါင်းပြီး ၁၀. ၃ . ၂၀၀၀ ရက်နေ့တွင်" FRIENDSHIP BRIDGE " အမည့်ဖြင့် လှူဒါန်းခဲ့သည်။ တံတားသည် မန္တလေးရှိ ဦးပိန်တံတားနှင့် ပုံစံဆင်တူသောကြောင့် အင်းလေးဦးပိန်တံတားဟုလည်း အလွယ်ခေါ်ကြသည်။ တံတားအရှည်မှာ ပေပေါင်း ၁၅၀၀ ရှိပြီး တိုင်လုံးပေါင်း ၅၂၈ လုံး၊ နားနေဆောင် ၅ ဆောင်ပါရှိသည်။ တောင်တန်းများကို နောက်ခံထားသော ကန်နှင့် တံတားအလှကြောင့် နေဝင်ရှုခင်း ကြည့်ရှု့ရန် အကောင်းဆုံးတစ်နေရာလည်းဖြစ်ပါသည်။