ကလောရေကူးကန်နှင့် နားနေစခန်း

Listing Description

ကလောမြို့ မီးရထားဘူတာရုံနှင့် မနီးမဝေးတွင် တည်ရှိသည်။ ၁၉၁၀ ပြည့်နှစ်ဝန်းကျင်တွင် ကလောကလပ်အဖြစ် တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ရေကူးကန်အပြင် တင်းနစ်ကွင်း ၂ ကွင်းလည်းပါရှိသည်။ ဒုတိယကမ္ဘာစစ်အတွင်း ကလောကလပ်ကို ဂျပန်စစ်တပ်က ရေဒီယိုထိန်းချုပ်ရေးစင်တာအဖြစ် အသုံးပြုခဲ့သည်။ ၁၉၄၅ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ဗြိတိသျှစစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုခံခဲ့ရပြီး ယင်းအဆောက်အအုံသည် ပထမဆုံး ထိခိုက်နစ်နာခဲ့ရသည့် အဆောက်အအုံများထဲတွင် ပါဝင်ခဲ့သည်။ ယခုအခါ ယင်းနေရာကို ကလောမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ပိုင်ဆိုင်ပြီး ဝန်ထမ်းအိမ်ရာအဖြစ် အသုံးပြုလျက်ရှိသည်။ အပန်းဖြေဧရိယာကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခုအား ငှားရမ်းထားကာ ရေကူးကန်၊ စားသောက်ဆိုင်နှင့် အားကစားခန်းမအနေဖြင့် ဖွင့်လှစ်လျက်ရှိသည်။