ခေမာဝံသီကျောင်းတိုက်

Listing Description

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၈၆လမ်း နှင့် ၈၇ လမ်းကြား ၊ ၂၀ လမ်းနှင့် ၂၁ လမ်းကြား တွင် တည်ရှိသည်။ ၁၉၁၉ ခုနှစ်တွင် ဇရပ်အမကြီး၏သမီး မမဇင် တည်ဆောက် လှူဒါန်းခဲ့သည်ဟု သိရသည်။ မူလက လေးကားလေးစင်းပါရှိပြီး မှန်၊ ရွှေ၊ ဖန်တို့ဖြင့် တည်ဆောက်ခဲ့သည့် အုတ်ကျောင်းကြီးဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်အတွင်း ဗုံးဒဏ်သင့်၍ မီးလောင်ပျက်စီးခဲ့ရသဖြင့် ယခုအခါ အပြင်မျက်နှာစာသာ ကျန်ရှိတော့သည်။