ဂျပန်သင်္ချိုင်း (မြိတ်)

Listing Description

ဂျပန်သင်္ချိုင်းသည် မြိတ်မြို့ တပ်ပြင်ရပ်ကွက်အတွင်း တည်ရှိပါသည်။ နှစ်ပေါင်းရှစ်ဆယ်ခန့်သက်တမ်းရှိ ယင်းသင်္ချိုင်းဟောင်းမြေနေရာသည် ၀.၄၃ ဧကခန့် ကျယ်ဝန်းပါသည်။ အဆိုပါသင်္ချိုင်းတွင် ဒုတိယကမ္ဘာစစ်အတွင်းတွင် ကျဆုံးခဲ့သော ဂျပန်စစ်သည်များနှင့် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ကျန်ခဲ့သော ဂျပန်လူမျိုးများကို မြှုပ်နှံထားပါသည်။