ဂန္ဓမာမြိုင် (Croxton)

Listing Description

ဂန္ဓမာမြိုင် (Former Croxton Hotel) သည် ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဉ်သို့သွားရာလမ်း ကန်တော်လေးအဝိုင်းအနီး၌ တည်ရှိပါသည်။ သီရိမြိုင် (Candacraig Hotel) ကိုတည်ဆောက်ခဲ့သော ဘုံဘေဘားမားကော်ပိုရေးရှင်း (Bombay Burmah Trading Corporation Limited) မှ ၎င်းတို့ မိသားစုဝင်များ၏ နွေရာသီစံအိမ်အဖြစ် ၁၉၀၃ ခုနှစ်တွင် တည်ဆောက်ခဲ့သည်ဟု သိရပါသည်။ ယခုအခါ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက Former Croxton အမည်ဖြင့် ဟိုတယ်ဖွင့်လှစ်ထားပါသည်။