ဗထူးအားကစားကွင်း

Listing Description

ဗထူးအားကစားကွင်းသည် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀ နှင့် ၇၁ လမ်းထောင့်တွင့်တည်ရှိသည်။ ပရိတ်သတ် ၁၇၀၀၀ ကျော် ဝင်ဆန့်ပြီး မြန်မာအမျိုးသားလိဂ် ပြိုင်ပွဲဝင် ရတနာပုံဘောလုံးအသင်း၏ အိမ်ကွင်းလည်းဖြစ်သည်။ ယခင်က ယူဘီအေအေ(UBAA) အထက်ဗမာနိုင်ငံ အားကစားကွင်းဟု ခေါ်ပြီး နောင်တွင် ဖက်ဆစ် ဂျပန်တော်လှန်ရေး ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးဗထူး နာမည်ကို ဂုဏ်ပြုမှည့်ခေါ်ထား၍ ဗထူး အားကစားကွင်းဟု အမည်တွင်လာသည်။ ၂၀၁၉ ခုနှစ်တွင် နှစ်ပေါင်း ၁၂၀ ဝန်းကျင် သက်တမ်းရှိပြီဖြစ်သော ဗထူးအားကစားကွင်းကို မေလမှစတင်ကာ ငွေကျပ် သိန်း ၁၈၀၀ အကုန်အကျခံ၍ အကြီးစားပြုပြင်ခဲ့သည်။