ဘုရင့်နောင်အငူ

Listing Description

ဘုရင့်နောင်အငူ (ဝိတိုရိယပွိုင့်)သည် မြန်မာနိုင်ငံ၏တောင်ဘက်အကျဆုံးနေရာတွင် တည်ရှိပါသည်။ ကိုလိုနီခေတ်တွင် ဝိတိုရိယဘုရင်မအား အစွဲပြု၍ ဝိတိုရိယပွိုင့်ဟု အမည်တွင်ခဲ့ခြင်းဖြစ်သည်။ ဘုရင့်နောင်အငူမှ မြင်ကွင်းကျယ်ရှုခင်းကို ကြည့်ရှုနိုင်ပြီး ကော့သောင်းမြို့မှ (၇)မိနစ်ခန့် လမ်းလျှောက် သွားလျှင် ရောက်ရှိနိုင်ပါသည်။ ဘုရင့်နောင်အငူတွင် မျက်နှာစာ သုံးဖက်ပါသော အထိမ်းအမှတ် ရုပ်ထု ၃ခုကို ထားရှိထားပါသည်။ 

ရုပ်တု သုံးခု၏ အဓိပ္ပာယ်များမှာ -

(၁) မြန်မာပြည်ပုံသဏ္ဌာန် နတ်သမီး၏ ရင်ခွင်ထဲမှ ကလေး (၇) ယောက်ထွေးပွေးထားသည့်ရုပ်တုသည် တိုင်းရင်းသား ၇ မျိုးကို ကိုယ်စားပြုသည်။

(၂) ကျောတွင် ဒဏ်ရာဖြင့် လဲကျနေသည့် ရှေးခေတ်မြန်မာ့စစ်သည်တော် တစ်ယောက်သည် လက်ထဲမှ စာချွန်လွှာကို မြင်းပေါ်ရှိ စစ်သည်တော်တစ်ဦးကို လှမ်းပေးနေသည့်ရုပ်တုမှာ နိုင်ငံ့တာဝန်ကို ထမ်းဆောင်ရာတွင် အသက်ကိုမငဲ့ဘဲ တာဝန်ပျက်ကွက်မှုမရှိစေရန် ထမ်းဆောင်သွားသည်ကို ထုဆစ်ထားခြင်းဖြစ်သည်။

(၃) အဖိုးအိုက မြေးဖြစ်သူကို တစ်ချိန်က လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သည့် အကြောင်းပြောပြနေသည့်ပုံနှင့် အနောက်တွင် နယ်ချဲ့အင်္ဂလိပ်နှင့် ဖက်ဆစ်ဂျပန်များကို တိုက်ပွဲဝင် တိုက်ထုတ်နေသည့်ပုံ ထုလုပ်ထားခြင်းဖြစ်ပါသည်။